ကျန်းမာချင်သလား သင်္ဘောသီးစား
အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ သင်္ဘောသီးက အရသာချိုသလို အရောင်အသွေးကလည်း စွဲဆောင်မှု ရှိပါတယ်။ ကျန်းမာရေးအတွက်လည်း အကျိုးများတာကြောင့် လူကြိုက်များပါတယ်။
သင်္ဘောသီးက အစိမ်းကို ထောင်းစားတာ၊ သုပ်စားတာတွေ လုပ်လို့ ရသလို အမှည့်ကို ဖျော်သောက်တာ၊ ဒီအတိုင်းစားတာ၊ ဒိန်ချဉ်ထဲ ထည့်စားတာဆိုပြီး အမျိုးမျိုး စားပေးလို့ ရပါတယ်။ အရသာက ချိုပြီး မွှေးအီအီလေးပါ။ အရာင်က အစိမ်းဆို အစိမ်းရောင် ရင့်ရင့် ရှိပြီး မှည့်လာရင် အဝါရောင် ပြောင်းလာပါတယ်။ အတွင်းသားလေးကလည်း လိမ္မော်ရောင် ဖျော့ဖျော့လေးပါ။
အရသာချိုချိုလေးနဲ့ စားရတာ ရင်အေးတဲ့ သင်္ဘောသီးမှာ ဖောလိတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပါတယ်။
သင်္ဘောသီး ကျန်းမာစေသလား
သင်္ဘောသီး ကျန်းမာစေသလားဆိုတော့ တိတိကျကျ သိရအောင် ဖတ်ကြည့်လိုက်တော့နော်။
- မျက်လုံး အားကောင်းစေတယ်
သင်္ဘောသီးက မျက်လုံးကို စခရင်မ် အလင်းတွေကြောင့် ထိခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ အသက်အရွယ် ရလာတာကြောင့် မျက်စိမှုန်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။
- ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေလျှော့ချပေးတယ်
သင်္ဘောသီးမှာ ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ရင်ကျပ်တာ သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။
သင်္ဘောသီး စားပေးတာက အမျိုးသားရော အမျိုးသမီးတွေမှာပါ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဆီးကျိတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ။ ဘီတာကယ်လ်ရိုတင်း ပြည့်ဝမှုက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။
ဗီတာမင် ကေ အစားနည်းတာက အရိုးပွတာ၊ အရိုးအက်တာ၊ အရိုးကျိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရိုးတွေ သန်မာချင်တယ်ဆိုရင် ဗီတာမင် ကေ ပြည့်ဝအောင် စားသုံးပေးဖို့ လိုပါမယ်။ ဒီလိုမျိုး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ကေကို သင်္ဘောသီးကနေ ရရှိနိုင်မှာပါ။
- ဆီးချိုရှိသူတွေမှာ သွေးချိုကျစေတယ်
အမျှင်ဓာတ် ကြွယ်ဝတဲ့ သင်္ဘောသီးက ဆီးချိုရှိသူတွေမှာ သွေးချိုမြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆီးချို အမျိုးအစား -၁ ရှိသူတွေရော အမျိုးအစား-၂ ခံစားနေရသူတွေပါ သွေးချို ထိန်းချင်တယ်ဆိုရင် အမျှင်ဓာတ် ကြွယ်ဝတဲ့ သင်္ဘောသီး စားပေးလို့ ရပါတယ်။
- အစာအိမ်အူလမ်းကြောင်း ကျန်းမာစေတယ်
သင်္ဘောသီးမှာပါတဲ့ papain အင်ဇိုင်းက အစာကြေစေပြီး အမျှင်ဓာ် နဲ့ ရေဓာတ်ကလည်း အူလမ်းကြောင်း ကျန်းမာစေဖို့ ဝမ်းမှန်စေဖို့ ထောက်ကူပေးမှာပါ။
- နှလုံး ကျန်းမာစေတယ်
အမျှင်ဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတဲ့ သင်္ဘောသီးက နှလုံးကျန်းမာရေးကိုလည်း စောင့်ရှောက်ပေးပါ သေးတယ်။ နှလုံးသွေးကြောတွေ ကျန်းမာစေဖို့လည်း အားဖြည့်ပေးနိုင်ပါတယ်။
သင်္ဘောသီး ကျန်းမာစေသလား ဆိုတဲ့ အဖြေထွက်ပြီလား?
မွန်မွန်